တိတု 1
TWF1 ဘုရားသခင်ရဲ့ စေခံဖြစ်ဟှူ၊ ယေရှုခရစ်တော်ရဲ့ တမန်တော်ဖြစ်ဟှူ ငါပေါလုဟှာ စာရေးလိုက်ဟှယ်။ ဘုရားသခင် ဝီးကော့‑က်ဟှားဟှူ လူမျိုးလေရဲ့ ယောင်ကြည်ရှင်းဟှို ကူညီဟှို့တွပ် နို့လေရဲ့ ဘာသာတရားမာ သွန်သန်ဟှူ သမ္မာတရားကြောန်းဟှို အယ်လူလေဟှာ ဘောပေါ့‑က်ဘီး နားလည်းနိုင်ဟှို့တွပ် ငါ့ဟှို ဝီးကော့‑က်ဘီးဟှာ လွှတ်လိုက်ဟှယ်။ 2 အယ်ဘာသာဟှာ ထာဝရသတ်ဟှို မျှော်လင့်ရှင်းမာ ဓိကခြေခံ ဖြစ်ဟှယ်။ လီညာရှင်းမှေ့ဘဲဟှူ ဘုရားသခင်ဟှာ ရှေးရှေးဒူးဟှ နေ့ရစ်ကာလလေ ဖြစ်ခန်မာ ထာဝရသတ်ဟှို နို့လေဟှိုပေးဟှို့တွပ် ဒိပေးဟှားဟှယ်။ 3 အယ်ဘီးန ခီက္လလာဟှူ ခီမာ အယ်ထာဝရသတ်ဟှို တရားတော်အားဖြင့် ထန်ရှားစေဟှယ်။ နို့လေရဲ့ ကယ်တန်ရှင် ဘုရားသခင်ဟှာ နို့လေဟှို ယောင်ကြည်ဟှူကြောန့် အယ်မူတရားဟှို အပ်ပေးဘီးဟှာ ငါဟှာ ကိုယ်တော်ရဲ့ မိန့်တော်တိုင်း အယ်မူတရားဟှို ကြေညာဟှယ်။ 4 နို့လေမျိုးဘဲ ယောင်ကြည်ရှင်းအားဖြင့် ငါသား စစ်စစ်ဖြစ်ဟှူ တိတုနားဟှို အယ်စာဟှိုငါရေးဘီး ပေးလိုက်ဟှယ်။ နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န နို့လေဟှို ကယ်တန်ဟှူသခင် ယေရှုခရစ်တော်ဟှာ နန်းနို့လေဟှို ကျေးဇူးတော်န ငြီသတ်ရှင်းလေ ပေးသနားပါစေ။ 5 ကရေတေကျွန်းမာ လောက်ဇာရှိဟှူ မှုကိစလေဟှို လောက်ဆောန်ဟှို့တွပ်န ဗြို့လေမာ သင်းအောက်လေဟှို ခန့်ဟှားဟှို့တွပ် နန့်ဟှို ငါ ထားရစ်ဟှယ်။ ငါခုပေးဟှူ ညွန်ကြားချစ်လေဟှို မေ့န။ 6 သင်းတော်လူဂီးဟှာ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ အယ်လူဟှာ မယားယော့‑က်ဘဲ့ ရှိရမယ်။ သူ့ရဲ့ သားလေမီးလေဟှာ ယောင်ကြည်သူဖြစ်ရမယ်။ ပျော်ပါးလေလွန်ကျူးဘီး စကားနားထောန်ဘဲ့ဟှူလူ ဖြစ်ဟှို့ရဟှ။ 7 သင်းတော်ဟှို ဦးဆောန်ဟှူ သင်းတော်လူဂီးဟှာ ဘုရားသခင်ရဲ့ မှုတော်ဟှို တာဝန်ယူဘီးလောက်ဟှူလူ ဖြစ်ဟှူကြောန့် ဘဏ္ဍာထီးမျိုးဘဲ့ ပြစ်တန်ခွမ့်မှေ့ဘဲဟှူလူ ဖြစ်ရမယ်။ မာနကီးဟှူသူ၊ စိတိုဟှူသူ၊ ယစ်သော့‑က်ဟှူသူ၊ စိကြမ်းဟှူသူ၊ ကပ်ဟှို ရရာတိုင်း လိုရှင်ဟှူသူလည်း ဖြစ်ဟှို့ရဟှ။ 8 ဧည့်ဝတ်ကျေဟှူသူ၊ ကောန်းဟှူဇာလေဟှို ကြိုက်ဟှူလူ ဖြစ်ရမယ်။ သူဟှာ ကိုယ့်ကိုယ်ကိုယ် ထီးချောက်နိုင်ရမယ်၊ ဖြောန့်မတ်ရမယ်၊ သန့်ရှင်းဟှူသူ၊ ဘုရားတရားဟှို ရိုသေဟှူလူ ဖြစ်ရမယ်။ စည်းကမ်းရှိရမယ်။ 9 သူဟှာ မှန်ကန်ဟှူယူဝါဒဟှို စွဲစွဲမြဲမြဲဟှား ယောင်ကြည်ရမယ်၊ အယ်မျိုးနည်းနဘဲ့ သူဟှာ စစ်မှန်ဟှူ တရားဟှို အားပေး တိုက်တွန်းနိုင်လေ့မယ်။ စစ်မှန်ဟှူ တရားဟှို တိုက်ခိုက်ဟှူ လူလေရဲ့မှားဟှို ထော့‑က်ပြနိုင်လေ့မယ်။ 10 အယ်မူတရားဟှို ဆန့်ကျင်ဘီး ကျိုးမှေ့ဘဲဟှူ စကားလေန လှည့်ဇားဟှူလူလေ ဘောင်ဂီးရှိဟှယ်။ ထူးသဖြင့် ရေဖျားလှီးဟှားဟှူ လူလေထဲဟှနေ ခရစ်ယာန် ဘာသာထဲဟှို ပ္လောန်းလဲလာဟှူ လူလေထဲမာ ရှိဟှယ်။ 11 အယ်လူလေရဲ့ ဇပ်ပေါ့‑က်လေဟှို ပိရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ စင်ကြယ်ဘဲဟှူ စီးပွားလေဟှို တတ်မတ်ဟှူ ရည်ရွယ်ချစ်ကြောန့် ဟောပြောသင့်ဘဲဟှူ ဇာလေဟှို သွန်သန်ဘီးဟှာ အီထောန်ရေးလေဟှို ပြိုကွဲအောန် လောက်ဟှူကြောန့် ဖြစ်ဟှယ်။ 12 သူးနို့ရဲ့ ပရောဖက်ဖြစ်ဟှူ ကရေတေ ကျွန်းသား တယော့‑က်ဟှ “ကရေတေ ကျွန်းသားလေဟှာ မြဲဒမ်းလီညာဟှူသူလေ၊ သားရဲဆိုးလေ၊ ရရာတိုင်း ပျင်းဘီးဟှာ စားကီးဟှယ်” ဆိုဘီး ပြောရစ်ဟှယ်။ 13 အယ်လူပြောဇာဟှာ ရရာတိုင်း မှန်ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ တကယ် ယောင်ကြည်လာဟှို့တွပ်ရော၊ 14 ယုဒဘာသာရဲ့ ဒဏ္ဍာရီစကားလေန သမ္မာတရားဟှို ပယ်ဘီး သူးနို့ရဲ့ ပညတ်ဟှို စွန်ပစ်ဂေ့ဟှို့တွပ်ရော၊ သူးနို့လေဟှို သေးသေးချားချာဟှာ ဆောင်းမရမယ်။ 15 ကိုယ့်ကိုယ်ကိုယ် စိနှလောင်း သန့်ရှင်းစင်ကြယ်ဟှူ လူလေတွပ်ဟှ ဂူလောင်းဟှာ သန့်ရှင်းဟှယ်။ အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်ဟှ ဆိုဟှာ ယောင်ကြည်မှုမှေ့ဘဲဟှူ သူလေတွပ်ဟှ ဖြားဇာလည်း စင်ကြယ်သန့်ရှင်းဟှယ် ဆိုဇာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေရဲ့ စိနှလောင်းန သိစိဟှာ ညစ်ညူးနေဟှူကြောန့် ဖြစ်ဟှယ်။ 16 သူးနို့ဟှာ ဘုရားသခင်ဟှို သိဟှယ် ဆိုဘီး ဝန်ခံဘေမဲ့လည်း သူးနို့ရဲ့ကျင့်လေဟှ ထော့‑က်ခံဟှ။ သူးနို့လေဟှာ မူးဇာကောန်းဟှူလူ၊ နားထောန်းဘဲ့ဟှူလူ၊ ကောန်းဟှူဇာလေဟှို ခုလည်းလောက်ဟှို့ ထိုက်ဘဲ့ဟှူလူလေ ဖြစ်ဂေ့ဟှယ်။
