တောလည် 7
OJV1 မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
2 ထိုနောက်သန်းခေါင်စာရင်းကောက်ရာ၌ကြီး ကြပ်ဆောင်ရွက်ခဲ့သည့် ဣသရေလအနွယ် ခေါင်းဆောင်များဖြစ်ကြသောမိသားစု အကြီးအကဲတို့သည်၊-
3 ထာဝရဘုရားထံတော်သို့ပူဇော်သကာ များကိုယူဆောင်ခဲ့ကြ၏။ ခေါင်းဆောင်တစ် ဦးလျှင်နွားထီးတစ်ကောင်ကျနှင့်ခေါင်း ဆောင်နှစ်ဦးလျှင် လှည်းတစ်စီးကျစုစု ပေါင်းလှည်းခြောက်စီးနှင့်နွားတစ်ဆယ့် နှစ်ကောင်တို့ကိုထာဝရဘုရားအား ဆက်သကြသည်။-
4 ယင်းသို့ဆက်သပြီးနောက်ထာဝရဘုရား သည်မောရှေအား၊-
5 ``သင်သည်တဲတော်နှင့်ဆိုင်သောအမှုကို ဆောင်ရွက်ရန် ဤလှူဖွယ်ပစ္စည်းတို့ကိုလက်ခံ လော့။ လေဝိအနွယ်ဝင်တို့ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် ထိုလှူဖွယ်ပစ္စည်းတို့ကိုသူ တို့အားပေးအပ်လော့'' ဟုမိန့်တော်မူ၏။-
6 ထို့ကြောင့်မောရှေသည်လှည်းနှင့်နွားများ ကို လေဝိအနွယ်ဝင်တို့အားပေးအပ်လေ သည်။-
7 သူသည်လှည်းနှစ်စီးနှင့်နွားလေးကောင်ကို ဂေရရှုန်သားချင်းစုတို့အားလည်းကောင်း၊-
8 လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-
9 ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
10 ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊-
11 ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။
12 သို့ဖြစ်၍သူတို့သည် မိမိတို့၏ပူဇော် သကာများကို အောက်တွင်ဖော်ပြပါ အစီအစဉ်အတိုင်းဆက်သကြ၏။ ရက်အနွယ်ခေါင်းဆောင်ပထမရက်ယုဒအမိနဒပ်၏သားနာရှုန်ဒုတိယရက်ဣသခါဇုအာ၏သားနာသနေလတတိယရက်ဇာဗုလုန်ဟေလုန်၏သားဧလျာဘစတုတ္ထရက်ရုဗင်ရှေဒုရ၏သားဧလိဇုရပဉ္စမရက်ရှိမောင်ဇုရိရှဒ္ဒဲ၏သားရှေလုမျေလဆဋ္ဌမရက်ဂဒ်ဒွေလ၏သားဧလျာသပ်သတ္တမရက်ဧဖရိမ်အမိဟုဒ်၏သားဧလိရှမာအဋ္ဌမရက်မနာရှေပေဒါဇုရ၏သား ဂါမလျေလနဝမရက်ဗင်္ယာမိန်ဂိဒေါနိ၏သားအဘိဒန်ဒသမရက်ဒန်အမိရှဒ္ဒဲ၏သားအဟေဇာဧကဒသမရက်အာရှာသြကရန်၏သားပါဂျေလဒွါဒသမရက်နဿလိဧနန်၏သားအဟိရ သူတို့တစ်ဦးစီဆက်သသောပူဇော်သကာ များသည် ထပ်တူထပ်မျှဖြစ်၏။ ယင်းတို့မှာ တရားဝင်ချင်တွယ်နည်းအရအောင်စငါး ဆယ်အလေးချိန်ရှိ ငွေဖလားတစ်လုံးနှင့် အောင်စသုံးဆယ်အလေးချိန်ရှိငွေအင်တုံ တစ်လုံး (ယင်းငွေခွက်နှစ်ခုစလုံးတွင် ဘောဇဉ် သကာအတွက်ဆီနှင့်ရောသောမုန့်ညက်အပြည့် ပါရှိသည်။) နံ့သာပေါင်းအပြည့်ရှိသော အလေးချိန်လေးအောင်စရှိရွှေလင်ပန်း တစ်ချပ်၊ မီးရှို့ရာယဇ်အတွက်နွားထီးပေါက် တစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား သိုးကလေးတစ်ကောင်၊ အပြစ်ဖြေရာယဇ် အတွက်ဆိတ်တစ်ကောင်၊ မိတ်သဟာယယဇ် အတွက်နွားထီးနှစ်ကောင်၊ သိုးထီးငါး ကောင်၊ ဆိတ်ငါးကောင်နှင့်တစ်နှစ်သားသိုး ကလေးငါးကောင်စသည်တို့ဖြစ်သည်။
84 ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။
89 မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။
