Menu

ဆာလံကျမ်း 62

JVB

1 အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။ 2 အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ့ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါ၌ လှုပ်ရှား ခြင်းများစွာ မ ရှိရာ။ 3 သင်တို့သည် အဘယ် မျှကာလပတ်လုံး တယောက်သောသူ ကို တိုက် ကြမည်နည်း။ သူ့ကို တိမ်း သော အုပ်ရိုး ၊ လှုပ် သော ထရံ ကဲ့ သို့မှတ်၍၊ သင် တို့အပေါင်း သည် အဘယ်မျှကာလပတ်လုံးဖြိုဖျက် ကြမည်နည်း။ 4 ထိုသူ ကို မြင့် သော အရပ်က လှဲ ခြင်းငှါ ကြံစည် လျက် နေကြ၏။ မုသာ ကို နှစ်သက် ကြ၏။ နှုတ် ဖြင့် ကား၊ ကောင်းကြီး ကိုပေး လျက်၊ နှလုံး ၌ ကား၊ ကျိန်ဆဲ ခြင်းကို ပြုတတ်ကြ၏။ 5 အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ မြော်လင့် ခြင်း အကြောင်း သည် အထံ တော်က သက်ရောက်ရ၏။ 6 အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါသည် လှုပ်ရှား ခြင်းမ ရှိရာ။ 7 ငါ့ ကို ကယ်တင် ခြင်းအကြောင်း၊ ငါ ၏ဘုန်းပွင့် ခြင်းအကြောင်းကား ဘုရား သခင်ပေတည်း။ ငါ့ ကို အားပေး သောကျောက် ၊ ငါ ခိုလှုံ ရာကား ဘုရား သခင်ပေတည်း။ 8 အိုလူ များတို့၊ ဘုရား သခင်၌ အစဉ် မပြတ်ခိုလှုံ ကြလော့။ ရှေ့ တော်၌ စိတ် နှလုံးကို ဖွင့် ပြကြလော့။ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။ 9 အကယ် စင်စစ်ယုတ်ညံ့ သောသူ တို့ သည် အနတ္တ ၊ အသရေရှိသောသူတို့ သည် မုသာ ဖြစ်ကြ၏။ ချိန်ခွင် နှင့် ချိန်စက်လျှင် ထိုသူ အပေါင်း တို့သည် အနတ္တ ထက် သာ၍ပေါ့ကြ၏။ 10 ညှဉ်းဆဲ ခြင်းကို မ ကိုးစား ကြနှင့်။ အနိုင် အထက်လုယူ၍ မ ဝါကြွား ကြနှင့်။ ဥစ္စာ များ ပြားလျှင် စိတ် စွဲလမ်းခြင်း မ ရှိ ကြနှင့်။ 11 ဘုရား သခင်သည် တကြိမ် ဗျာဒိတ် ပေးတော်မူပြီ။ နှစ်ကြိမ် မြောက် ငါကြား ရသောဗျာဒိတ် တော်ဟူမူကား ၊ တန်ခိုး သည် ဘုရား သခင်၌ ရှိ၏။ 12 အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကရုဏာ နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော် သည် လူအသီး အသီးတို့ အား သူ တို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူ၏။

Everything we make is available for free because of a generous community of supporters.

Donate