Menu

ဆာလံကျမ်း 42

JVB

1 သမင် ဒရယ်သည် ရေစီး သော ချောင်း ကို တောင့် တသကဲ့သို့ ၊ အကျွန်ုပ် ဝိညာဉ် သည် ကိုယ်တော် ကို တောင့် တပါသည်ဘုရား။ 2 ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။ 3 သူတပါးတို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့ မျက်ရည် သည် နေ့ ညဉ့်မပြတ် ငါ စား စရာ ဖြစ် ရ၏။ 4 ထို အခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင်၊ ငါ့ စိတ် နှလုံးသည် ကြေကွဲ လျက်ရှိ၏။ အကြောင်း မူကား၊ ငါသည်လူစု များနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်း ခြင်း အသံ ၊ ထောမနာ ပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲ ခံ သောလူစု များနှင့်အတူ ဘုရား သခင်၏ အိမ် တော်သို့ ဖြည်းညှင်း စွာ သွား လှလေပြီ။ 5 အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။ 6 အကျွန်ုပ် စိတ် ဝိညာဉ်သည် အကျွန်ုပ် အထဲ မှာ ညှိုးငယ် လျက်ရှိပါ၏။ အကြောင်း မူကား၊ ယော်ဒန် မြစ် ကမ်း ၊ ဟေရမုန် တောင်ရိုး၊ မိဇရ ကုန်း ပေါ် မှာ ကိုယ်တော် ကို အကျွန်ုပ်အောက်မေ့ ပါ၏။ 7 ရေဘွေ တော်များအသံ ဗလံနှင့်တကွ ဝဲ ဩဃတခုကို တခုဟစ် ခေါ်၍ လှိုင်း တံပိုး တော်အပေါင်း တို့သည် အကျွန်ုပ် ကို လွှမ်းမိုး ကြပါပြီ။ 8 သို့သော်လည်း၊ ထာဝရဘုရား သည် နေ့ အခါ သနားခြင်းကျေးဇူး တော်ကိုပေး ချတော်မူ၏။ ညဉ့် အခါ ၌ လည်း ဂုဏ်တော်ကို သီချင်း ဆိုလျက်၊ ငါ့ ၏အသက် သခင် ကို ပဌနာ ပြုလျက် ငါ နေ၏။ 9 အကျွန်ုပ် ကိုအဘယ် ကြောင့် မေ့လျော့ တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ကျောက် ဖြစ်သော ဘုရား သခင် ကို ငါလျှောက် ရ၏။ 10 ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။ 11 အိုငါ့ ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာ အဘယ်ကြောင့် မ ငြိမ်မဝပ်ရှိ သနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကိုကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရ လေအံ့သတည်း။

Everything we make is available for free because of a generous community of supporters.

Donate