Menu

ဒေသနာကျမ်း။ 6

JVB

1 လူ တို့တွင် အတွေ့များ ၍ ၊ နေ အောက် ၌ ငါမြင် ရသော အမှုဆိုး ဟူမူကား၊ 2 အလို ဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို ဘုရား သခင်ပေး သော်လည်း ၊ ခံစားရသောအခွင့်ကိုပေး တော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မ ဆိုင်သော သူတပါးဝင်၍ ခံစား ရသောအမှု သည် အနတ္တ အမှု၊ ဆိုး သောအမှု ဖြစ်၏။ 3 လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။ 4 အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။ 5 နေ ကိုလည်း မ မြင် ရ။ အဘယ်အရာကိုမျှမ သိ ရ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက် သာ၍ချမ်းသာ ရ၏။ 6 အကယ်၍ အရင်ဆိုသောသူသည် အနှစ် နှစ် ထောင် အသက်ရှင် သော်လည်း ၊ အကျိုး ကျေးဇူးမ ရှိ။ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ သွား ရကြသည် မ ဟုတ်လော။ 7 လူ ကြိုးစား အားထုတ်သမျှ တို့၌ ဝမ်း ဘို့ သာ ကြိုးစားအားထုတ်သော်လည်း၊ စား ချင်သောစိတ် မ ပြေ နိုင်။ 8 ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။ 9 ကိုယ်တိုင်တွေ့မြင် ခြင်း အကျိုး သည် လောဘ ပြန့်ပွား ခြင်း အကျိုးထက် သာ၍ကြီး၏။ ထို အမှုအရာ သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှုဖြစ်၏။ 10 ရှိသမျှ သော အခြင်းအရာများကို မှတ်သား နှင့် ပြီ။ လူ ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိ ရ၏။ လူ သည် မိမိ ထက် တန်ခိုး ကြီးသောသူနှင့် မ ပြိုင် နိုင် ရာ။ 11 အနတ္တ တိုးပွား စရာအကြောင်းများပြား သည် ဖြစ် ၍၊ လူ သည် အဘယ် ကျေးဇူး ရှိသနည်း။ 12 အရိပ် ကဲ့သို့ လွန် တတ်သော အနတ္တ အသက် ကာလ ပတ်လုံး၊ လူ ၌ ကျေးဇူး ပြုတတ်သော အရာ ကို အဘယ်သူ သိ နိုင်သနည်း။ နေ အောက် ၌ လူ နောက် မှာ ဖြစ် လတံ့သော အမှု အရာတို့ကိုလည်း၊ အဘယ်သူ ပြော နိုင်သနည်း။

Everything we make is available for free because of a generous community of supporters.

Donate