Menu

၁ သက်သာလောနိတ် 1

TWF

1 ပေါလု၊ သိလွာနုနဲ့ တိမောသေလို့ဟ — ခမည်းတော် ဘုရားသခင်နဲ့ သခင် ယေရှုခရစ်နဲ့ စပ်ဆိုင်သော သက်သာလောနိကမြို့သား အသင်းတော်မှ လူလို့အား၊ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင့်လို့အပေါ်မှာ ဆိပါစေ။

2 ငါလို့ဟ နင်လို့အားလုံးအတွက် ဘုရားသခင်ဟို အမြဲကျေးဇူးတင်ပင်း ငါလို့ရဲ့ ဆုတောင်းချက်များတွင် နင့်အား အမြဲဖော်ပြနေပါအယ်။

3 အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ဆေ့နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်းဟို လက်တွေ့ကျင့်သုံးပုံ၊ နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ နင်လို့အား စလိုမျိုး ကြိုးစားလုပ်ဆောင်စေခဲ့ပုံနဲ့ ငါလို့ သခင်ယေရှုခရစ်အပေါ် နင်လို့ရဲ့ မျှော်လင့်ချက် ခိုင်မာပုံလို့ဟို ငါလို့ အောက်မေ့သတိရလော့။

4 ငါ့မိတ်ဆွေလို့ ဘုရားသခင်ဟ နင့်ဟို ချစ်ယွေ့ ကိုယ်တော်ရဲ့ ကိုယ်ပိုင်ဖြစ်ရန် နင့်အား ရွေးချယ်ထားကျောန်း ငါလို့ သိအယ်။

5 အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။

6 နင်လို့ဟလည်း ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲနှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ရဆိသော ဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ဟို လက်ခံယွေ့ ငါလို့နဲ့ သခင်ဘုရားဟို အတုယူသူများဖြစ်ကြအယ်။

7 အေးကျောန့် နင်ဟ မာကေဒေါနိပြေနဲ့ အခါယပြေဆိ ယုံကြည်သူ အားလုံးအတွက် ပုံသက်သေ ဖြစ်ခဲ့အယ်။

8 ပစာကို့ သခင်ဘုရားရဲ့ နှုတ်ကပတ်တရားဟ နင်လို့ဆေမှ မာကေဒေါနိပြေနဲ့ အခါယပြေဟို ပဲ့တင်ထပ်သွားခဲ့တာမက ဘုရားသခင် အပေါ်နှိုက်ဆိသော နင်လို့ယုံကြည်ခြင်း အကျောန်းဟလည်း နေရာအနှံ့ဟို ပျံ့နှံ့လေပီ ဖြစ်သောကျောန့် ငါလို့နှိုက် ပြောစရာတစုံတခုမှ မဆိ။

9 အကျောန်းမှာ အဲဒီလူတွေအားလုံးဟ နင့်ဟို ငါလို့ဆေ အလည်လာခါဟ နင့်လက်ခံပုံအကျောန်း၊ အသက်ဆှင်ယွေ့ စစ်မန်သော ဘုရားသခင်ဟို အစေခံရန် နင်ဟ ရုပ်တုများမှ ဘုရားသခင်ဆေ စလိုလှည့်လာကျောန်းဟို သူလို့ ပြောပြအယ်၊

10 အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။

Everything we make is available for free because of a generous community of supporters.

Donate